Tuesday, June 23, 2009

မစိုးရိမ်ဆရာတော်ဘုရားကြီးနယ်သာလန်နိုင်ငံသို့--အလည်


၁၆-၀၆-၂၀၀၉ နေ့ ပညာရံသီဝိဟာရကျောင်းတွင်နေ့ဆွမ်းကပ်လှူခြင်း



မစိုးရိမ်ကျောင်းတိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ ဆရာတော်ဘုရားကြီး နယ်သာလန်နိုင်ငံ(Holland) Munderslot
Muidenဆမ်ကမ်း မြို့သို့ သွားရောက်လည်ပတ်

Read More...ဆက်ကြည့်ရန်

မစိုးရိမ်ကျောင်းတိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ ဆရာတော်ဘုရားကြီးနယ်သာလန်နိုင်ငံရောက်


မန္တလေး မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ နယ်သာလန်နိုင်ငံသို့ ၁၅-၀၆-၂၀၀၉ ည ၉နာရီ ရောက်ရှိ

Read More...ဆက်ကြည့်ရန်

Friday, June 5, 2009

မစိုးရိမ်ကျောင်းတိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ ဆရာတော်ဘုရားကြီးနယ်သာလန်နိုင်ငံသို့

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ ဆရာတော်ဘုရားကြီးသည် အင်္ဂလန်နိုင်ငံနှင့် ဥရောပတခွင်စွမ်းစွမ်းတမံ သာသနာပြုတော်မူနေကြသော တပည့်ရဟန်းတော်တို့၏ သာသနာပြု လုပ်ငန်းများကိုအားပေးရန်နှင့် ဒါယိကာ ဒါယိကာမတို့အား တရားရေအေး တိုက်ကျွေးတော်မူရန် ၂၀၀၉-ဇွန်လ ၆ရက်နေ့ တွင် လန်ဒန်မြို့သို့ရောက်ရှိတော်မူကာ၊ ထိုမှတဆင့်နော်ဝေး၊ဒိန်းမတ်၊ဖင်လန်၊ဂျာမဏီ၊နယ်သာလန်၊ဘယ်လ်ဂျီယံ နှင့် ပြင်သစ်နိုင်ငံများသို့ ဆက်လက်ကြွရောက်တော်မူမည်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ၁၅ ရက်နေ့ ညနေ၆နာရီတွင် နယ်သာလန်နိုင်ငံ သို့ကြွရောက်လာမည်ဖြစ်ပါ၍ဓမ္မမိတ်ဆွေ သူတော်စဉ်အပေါင်းတို့အနေဖြင့် လာရောက်ကြည်ညိုဖူးမျော်နိုင်ရန်အသိပေးအကြောင်းကြားအပ်ပါသည်။ (၁၈ရက်နေ့ ညနေတွင် နယ်သာလန်နိုင်ငံမှပြန်လည်ကြွချီတော်မူမည်ဖြစ်ပါသည်။) မှတ်ချက်။ ။ ဆရာတော်ကြီးများအား မနက်အာရုံဆွမ်းနှင့်နေ့ဆွမ်းမျာကို ဆက်ကပ်လှူဒါန်းနိုင်ပါသည်။ (နေ့ဆွမ်းကို မနက် ၁၁နာရီအမှီလာရောက် လှူဒါန်ကြပါရန်တိုက်တွန်းနိုးဆော်အပ်ပါသည်)

Read More...ဆက်ကြည့်ရန်

Sunday, March 22, 2009

Myanmar New Year


Type your summary here.

Type the rest of your post here.
၂၀၀၉ မြန်မာနှစ်သစ်မင်္ဂလာစုပေါင်းရဟန်းခံ
သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အတာသင်္ကြန်ပွဲတော်
" ဖိတ်ကြားလွှာ"
ချစ်ကြည်ရင်းနှီးလေးစားစွာဖိတ်ကြားအပ်ပါသည်။
ပညာရံသီဝိဟာရ မြန်မာဘုန်းတော်ကြီးကျောင်းတွင်
လတံခူးပေမို့ အလှထူးပါဘိ
မြမြဖူးခိုင်ရွှေဝါ ပန်းပိတောက်ဝေဖြာသည့်
အတာအင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ သံဃာတော်အရှင်သူမြတ်
(၅)ပါး တို့အား သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းခြင်း၊ စုပေါင်းရဟန်းခံခြင်း၊
စုပေါင်းပရိတ်တရားတော်နာကြားခြင်း၊ အစရှိသော ကောင်းခြင်း မင်္ဂလာယူခြင်း
များကို ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ လက်တွဲညီညာ ကြည်သာနှလုံး၊ ပီတိပြုးံဖြင့်
နှစ်သစ် ကုသိုလ် အတူပြုကြရင်း မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို
ပျော်ရွှင်စွာ ဆင်နွဲ ကြလိုပါ၍ လာရောက်အတူ ကုသိုလ်ယူကြပါရန်
လှိုက်လှဲရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေ့ရက် ။ ။ ၁၉-၀၉-၂၀၀၉ (တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန် ။ ။ နံနက် (၉) နာရီ မှ ညနေ(၅) နာရီအထိ
ကျင်းပမည့်နေရာ ။ ။ ပညာရံသီဝိဟာရ မြန်မာဘုန်းတော်ကြီးကျောင်း
Van Beeksteaat 102A
1121 NS Landsmeer .
Amsterdam.
ဆက်သွယ်ရန် ။ ။ ကျောင်းဖုန်း 0204822733 (0614702907)
ဦးကျော်သူ 0263617752. 0613870522
ဦးဆွေဦး 0616671599
ဦးချစ်ခိုင်စိုး 0102182631. 0613213522
မှတ်ချက်။ ။ဒုလ္လဘရဟန်းဝတ်လိုသူများ နေရာအခက်ခဲရှိပါ၍ (၁၀)ပါးအရေအတွက်သာ
လက်ခံနိုင်မည်ဖြစ်ပါသည်။ ဧပြီလ (၇)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေး
သွင်းကြပါရန်နှင့် သံဃာ့ဒါန အလှူအတွက် မိမိတို့လှူလိုသော လှူဖွယ်ပစ္စည်း
များကို လှူဒါန်းဆက်ကပ်နိုင်ပြီး သံဃာအပါးရေအလိုက် ကြိုတင်လှူဒါန်းလိုသူ
များ ပညာရံသီဝိဟာရ သို့ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
ချမ်းမြေ့စိတ်ထားကြည်ညိုသဒ္ဓါပွားကြရန်
ပညာရံသီဝိဟာရ ဆရာတော်များမှ ရဟန်းလောင်းတို့အား ရဟန်းအဖြစ်ချီးမြှင့်ပေးကြခြင်း ၊ ၁၉ရက်
နေ့မှစ၍(ရ)ရက် တိုင်တိုင် သတိပဋ္ဌာန်တရားတော်များကိုဟော်ကြားခြင်းပွားများအားထုတ်ကြခြင်း
များပြုလုပ်ကြမည်ဖြစ်ပါသည်။
တရားအားထုတ်လိုသူများလာရောက်အားထုတ်နိုင်ကြပါသည်။
ပညာရံသီဝိဟာရမြန်မာဘုန်းတော်ကြီးကျောင်း
အလုပ်မှုဆောင်အဖွဲ့

Read More...ဆက်ကြည့်ရန်